သတင်းများ

ကော့မှူးတွင် အခြေခံပန်းချီသင်တန်း ဖွင့်လှစ်
Mar 15,2025
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားတိုးတက်စေရန် ရည်ရွယ်၍ အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်
Mar 15,2025
အင်းစိန်မြို့နယ်၊ လှိုင်သာယာ (အရှေ့ပိုင်း)၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသို့ ယူနီဖောင်း၊ ဆန်နှင့် ဆီများပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ မြို့နယ်ခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်များ၊ အင်းစိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လှိုင်သာယာ (အရှေ့) (အနောက်) ပိုင်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲဝင်များ တက်ရောက်ကြသည်။
မ‌ကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
Mar 15,2025
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား  သွားရောက်တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းသည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့သော ဆရာတော် (၃) ပါးအား ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
Mar 15,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၅ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းခဲ့သည့် ဗုဒ္ဓသာနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိခဲ့သော ဆရာတော် (၃) ပါးအား ဂုဏဝိသိဌပူဇာမင်္ဂလာဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်ရာပြည့်သာသနာဗိမာန်တော်ကြီးတွင် ကျင်းပသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်
Mar 15,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၁၀) နာရီက (ရွာလွတ် - ကတောင်စိန် တောင်ဖြတ်လမ်း (စိန်မြတောင်အပိုင်း) ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် မုဒွန်းအရှေ့ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 15,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မုဒွန်းကျေးရွာရှိ  ကျောင်းသား၊ကျောင်းသူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်  အခြေခံပညာမူလတန်းကျောင်း  ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မုဒွန်းကျေးရွာ (မုဒွန်း-အရှေ့) မူလတန်းကျောင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
စစ်ကိုင်းမြို့၌ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Mar 15,2025
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်းအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
Mar 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့်  ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ အ.ထ.က -၁ ကျောင်း အဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ကတက်ရောက်ဖွင့်လှစ်ခဲ့သည်။