ကျေးသီး ဇူလိုင် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် (MEVM) မြန်မာအီလက်ထရောနစ် မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇေယျာနိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များ အကြောင်း၊ MEVM (မြန်မာအီလက်ထရောနစ် မဲပေးစက်) နှင့်စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ Volunteer များမှ (MEVM) မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးကြကြောင်း သိရသည်။
အဆိုပါ (MEVM) မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ Volunteer သင်တန်းသား/သင်တန်းသူ (၄၆၂) ဦးဖြင့် အသုတ်လိုက်ခွဲ၍ ဇူလိုင်လ (၂၂) ရက်မှ ဩဂုတ် (၇) ရက်ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းငင်း (ပြန်/ဆက်)