ပျဉ်းမနား ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၆၉)၊ မယ်ဇလီကုန်းကွင်း၊ ဦးပိုင်အမှတ် (၇၉/၂)တွင် တောင်သူ ဦးအောင်ရင် စိုက်ပျိုးထားသော ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးအား ယနေ့တွင် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
နေပြည်တော်မြေစာရင်းဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှုး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြုခရိုင်ရုံး ဝန်ထမ်းများ၊ ပျဉ်းမနားမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများပါဝင်ပြီး စံကွက်ရိတ်သိမ်းခဲ့ကြရာ ထိုင်းနှံကောက်စပါးမျိုး(ကောင်း) ကိုယ်စားပြုအလွှာတွင် အစို ၁၂၈ ဒသမ ၈၇ တင်း၊ အခြောက် ၁၂၂ ဒသမ ၆၁ တင်းထွက်ရှိကြောင်း သိရှိရသည်။
မျိုးသီဟ(ပြန်/ဆက်)