သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာ၌ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Mar 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့ ၁၀ နာရီအချိန်က စော်ကဲချောင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရေအလွယ်တကူရရှိမည့် အုတ်ကန်၊ မြေအောက်ကန်နှင့် သဘာဝရေကန်များ ရေသိုလှောင်ထားရှိမှုစစ်ဆေး
Mar 13,2025
ပြည်မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများရှိ ရေအလွယ်တကူရရှိနိုင်မည့် အုတ်ကန်၊ မြေအောက်ကန်နှင့် သဘာဝရေကန်များ၌ ရေသိုလှောင်ထားရှိမှု အခြေအနေအား စစ်ဆေးခြင်းကို မတ်လ (၁၁) ရက်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခြင်းများ ဆောင်ရွက်
Mar 13,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် သရုပ်ပြသခြင်းများကို မတ်လ (၁၁) ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
Mar 13,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းပွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျှင် ၅၀ ကီလိုဂရမ် ကွန်ပေါင်းဓာတ်မြေဩဇာ အိတ် ၂၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ဓါတ်မြေဩဇာစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပေါင်းဓာတ်မြေဩဇာ ၁၃ မျိုး ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးမှုပုံစံအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။
လသာမြို့နယ် သိမ်ကြီးစျေး(ဃ)ရုံအတွင်း မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်
Mar 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်အတွင်းရှိ ပြည်သူများ မသန့်ရှင်းသောရေနှင့် အစားအသောက်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကြိုတင် ကာကွယ်ရေးအတွက် သိမ်ကြီးစျေး(ဃ)ရုံအတွင်း လိုက်လံစစ်ဆေးစဥ်ဆက်မပြတ် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မတ်လ (၁၁) ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါးလှုပ်ရှားမှုအဖြစ် မြေဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကျင်းပ
Mar 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှား ဆောင်ရွက်မှုအဖြစ် မြန်မာ့ရိုးရာ သနပ်ခါးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) အချိန်က မဟာဗန္ဓုလလမ်းနှင့် (၁၁) လမ်းထောင့်၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ဝင်းစိန်ရေထိန်းတံခါးဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 13,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးနိုင်၍ စားရေရိက္ခာ ဖူလုံစေရန်အတွက် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောက်လုပ်ခဲ့သည့် ကရင်ဝင်းစိန်ရေ ထိန်းတံခါးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကရင်ဝင်းစိန်ကျေးရွာတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Mar 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။