သတင်းများ

ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာမီးလင်းရေးကော်မတီများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ ကျင်းပ
Mar 12,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်အထိ လျှပ်စစ်ဓာတ်အားခ‌ ကြွေးကျန်မရှိစေရေး ကြိုးစားဆောင်ရွက်ခဲ့သော ကျေးရွာမီးလင်းရေးကော်မတီများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ မြန်မာ့သနပ်ခါးဆေးဖက်ဝင်အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Mar 12,2025
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြန်မာ့သနပ်ခါးဆေးဖက်ဝင်အကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 12,2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းမြို့၊ ကမ်းနားလမ်း၊ တာရိုးကြီးလမ်းနှင့် ရုံးကြီးလမ်း နိုင်လွန်ကတ္တရာလမ်း ၃ လမ်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အဆိုပါလမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ 
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့လှုပ်ရှားမှုနှင့် ဟော‌ပြောပွဲ ကျင်းပ
Mar 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်အရှေ့ပိုင်းခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရားအဖွဲ့တို့ပူးပေါင်း၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာစေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးယဥ်‌ကျေးမှုဓလေ့ဟောပြောပွဲ အခမ်းအနားနှင့် လှုပ်ရှားမှုကို ယမန်နေ့မွှန်းလွဲ ၁ နာရီအချိန်က လူထုအ‌ခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ပါသည်။
POLYTECHNIC UNIVERSITY (MAUBIN)၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှု အခမ်းအနား ကျင်းပ
Mar 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် POLYTECHNIC UNIVERSITY (MAUBIN)၌ မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားအား ယမန်နေ့မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ပုဇွန်တောင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနား ကျင်းပ
Mar 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ မြတ်မင်္ဂလာခန်းမတွင် မတ်လ ၁၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တည်ဆောက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Mar 12,2025
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက သာကေတမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာသို့ သွားရောက်၍ စင်တာအတွင်း/ အပြင် သန့်ရှင်းသာယာရေး ရေစီးရေလာကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ရေတာရှည်မြို့နယ်၌ အမျိုးသမီးများအကြမ်းဖက်မှုနှင့် သက်ငယ်မုဒိမ်းဆိုင်ရာ ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန (Community Centre) ခန်းမ၌ အခြေခံပညာဉီးစီးဌာန၊ မြို့နယ်မီးသတ်ဉီးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က အမျိုးသမီးများ အကြမ်းဖက်မှုနှင့်သက်ငယ်မုဒိမ်းဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။