သီရိ ငါးမြို့နယ် အတွင်းရှိ လုပ်ငန်းရှင်များအား ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းနှင့်စပ်လျဥ်း၍ အခွန်ပညာပေးရှင်းလင်း ဆွေးနွေး

ဇမ္ဗူသီရိ ဇူလိုင် ၂၃

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းပြည်သူများနှင့် စားသောက်ဆိုင်၊ KTV၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်၊ မိုဘိုင်း ဖုန်းဆိုင်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်လုပ်ငန်း ရှင်များအားကုန်သွယ်လုပ်ငန်း ခွန်သတ်မှတ်ချက်နှင့်အညီ ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ဥပ‌ဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သီရိ ငါးမြို့နယ်၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးလှငွေက လုပ်ငန်းရှင်များအား ကုန်သွယ်လုပ်ငန်းခွန် သတ်မှတ်ချက်များနှင့်အညီ ပြေစာများအပေါ်၌ အခွန်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းရှင် ၂၄၃ ဦးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)