ကေ့ာကရိတ်မြို့ အ.မ.က(၁၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Sep 20,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.မ.က(၁၆) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။