ရွှေကူ စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခုံခမ်း)၌ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်း၊ အခြေခံပညာ အထက်တန်းကျောင်း (မြို့ကုန်း) ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး Grade-6 မှ မအောင်မာလွင်၊ Grade-7 မှမောင်စိုင်းကောင်းမြတ်ဇော်၊ Grade-9 မောင်ထွန်းထက်အောင်၊ Grade-8 မှ မောင်ဇေယျထက်အောင်၊ မသူဇာအေးနှင့် မသန္တာကျော်တို့က “စာရိတ္တ မဏ္ဍိုင်” “ပြုပြင်ယူရမည့်စာရိတ္တ” “စာရိတ္တကောင်းဖို့ အရေးကြီး” “စာရိတ္တသတ္တိ” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ခေါင်းစဉ်အကြောင်းအရာပါ ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက် ဆွေးနွေးခြင်းများဖြင့် စိတ်ပါဝင်စားတက်ကြွစွာ ဆွေးနွေးခဲ့ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာ ဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လူငယ်များအနေဖြင့် စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)