သတင်းများ

ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ ယာဥ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဟားခါးမြို့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မ ရွာသွန်းမှုကြောင့် ကွန်ကရစ်လမ်း အောက်ခံမြေသား ပြိုကျ၍ လူနေအိမ်တစ်လုံးပြိုကျ
Sep 19,2023
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ယနေ့တွင် မိုးရေချိန် ၂ ဒသမ ၇၆ လက်မ ရွာသွန်းမှုကြောင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ မြို့ပတ်လမ်းနှင့် ပြည်နယ်လွှတ်တော်ရုံးအရှေ့ဘက်အကြား၊ ထက်လွေကွန်ကရစ်လမ်း မြေအောက်ခံမြေသားများ နံနက် ၆ နာရီခန့်က ပြိုကျ၍ လူနေအိမ်တစ်လုံး ပြိုကျသည်။
ဒေးဒရဲမြို့နယ်၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ
Sep 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီကသဲကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်
Sep 19,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက အ.မ.က (မြို့သစ်) ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။
ပြည်မြို့နယ်တွင် စားသုံးဆီဖူလုံရေး (ဆင်းရွှေကြာ-၂) နေကြာမျိုးကောင်းမျိုးသန့်များ မျိုးမြှင့်တင်ရွေးချယ်
Sep 19,2023
ပြည်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် မိုးနေကြာ (၁၀၁) ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယင်းတို့မှထွက်ရှိလာသော (ဆင်းရွှေကြာ-၂) မျိုးကောင်းမျိုးသန့်များကို ယခုလ ပထမပတ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြွေရိုးကျေးရွာအုပ်စုမှ မိုးနေကြာစိုက် တောင်သူများပူးပေါင်း၍ အဆိုပါကျေးရွာ မိုးနေကြာ ၁၈ ဧကစိုက်ခင်း၌ မျိုးမြှင့်တင် ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်​ဆေး (ကျောင်းအခြေပြု) ထိုးနှံ
Sep 19,2023
ကမ္ဘာတစ်ဝှမ်းဒုတိယအဖြစ်များဆုံးသော သားအိမ်ခေါင်းကင်ဆာရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယနေ့နံနက် ၁၁ နာရီတွင် မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က-၅ တွင် မင်္ဂလာဒုံပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးစီး၍ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ်တွင် စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Sep 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တ​​ထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ယနေ့နံနက် (၁၀:၀၀) အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှကြီးမှူး၍ စွန့်ပစ်အမှိုက်များစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ကျင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်များဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Sep 19,2023
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပပခုံးပြောင်းတာဝန် ထမ်းဆောင်ကြရမည့် ကျောင်းသားကျောင်းသူ လူငယ်လေးများ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ လှသဇင်ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။