ပိုင်ကျုံမြို့ (မူလွန်) မဲပရကျောင်း၌ အသိပညာပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ စက်တင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/လူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်ရွယ်၍ ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ (မူလွန်)မဲပရကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ လုပ်ငန်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နော်ခူးခူးက နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် မိမိဌာနလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး  ကျောင်းသားလူငယ်များ သိရှိလိုက်နာရှောင်ရှားသင့်သည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးအကြောင်းကို စကောကရင်ဘာသာဖြင့် ဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသသည့် အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသားလူငယ်များက  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)