သတင်းများ

ကေ့ာကရိတ်မြို့ အ.မ.က(၁၆)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Sep 20,2023
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က အ.မ.က(၁၆) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Sep 20,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကျောင်းအခြေပြု စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သတ်မှတ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက စနစ်တကျထိုးနှံနိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ရွှေကူမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခုံခမ်း)၌ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခုံခမ်း)၌ “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲ ခန့်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား‌/သူများအား ကာယဉာဏစွမ်းရည်တိုးပွားစေရန် ယနေ့နံနက် ၁၀ နာရီက ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
ပုလောမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) စတင်ထိုးနှံဆောင်ရွက်ပေး
Sep 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အသက်(၉)နှစ်ပြည့်ပြီး အသက် (၁၂)နှစ်မကျော်သေးသည့်ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းလုပ်ငန်းကို အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။ 
ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ သုည ဒသမ ၃ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့က ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
မိတ္ထီလာခရိုင်တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 20,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က အောင်မင်္ဂလာခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ဂုဏ်ရည်ထူးအောင်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။