ပုလောမြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) စတင်ထိုးနှံဆောင်ရွက်ပေး

ပုလော  စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အသက်(၉)နှစ်ပြည့်ပြီး အသက် (၁၂)နှစ်မကျော်သေးသည့်ကျောင်းသူလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းလုပ်ငန်းကို အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။ 

ပုလောမြို့နယ်တွင် ကျောင်းအခြေပြု (HPV)ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၉ ရက် နေ့မှစ၍ ၂၃ ရက်အထိ ကျန်းမာ ရေးဌာနဆရာမများက သွားရောက်၍ အုပ်စုခွဲကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ပုလောမြို့ ပေါ်တွင် ဖွင့်လှစ်ထားရှိသည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.လ.က(၁)၊ မူလွန်(၄)၊ အ.မ.က(၂)၊ အ.မ.က(နန်းတောင်)ကျောင်းများရှိ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သေးသည့် ကျောင်းသူ (၄၂၇) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)