ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စုတွင် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 20,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာနှုန်းဖြင့် စားအုန်းဆီများကို ကျေးရွာများကို ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ငဖဲမြို့နယ် ပန်းထိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့နှင့် သီပေါ်ရွာသစ်ကြီးရွာရှေ့တွင် ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။