ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်

ကလိန်အောင် စက်တင်ဘာလ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကျောင်းသား‌/သူများအား ကာယဉာဏစွမ်းရည်တိုးပွားစေရန် ယနေ့နံနက် ၁၀ နာရီက ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ် ကျောင်းသားကျောင်းသူများအနေဖြင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရေး၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ ဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဥ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ ကာယဉာဏစွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများတိုးပွားရရှိ‌‌စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အ.ထ.က၊ ကလိန်အောင်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ(၂၇)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများကို လက်‌ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)