မိုင်းငေါ့မြို့တွင် လူငယ်၊ လူရွယ်များ ဗလငါးသန်ဖွံ့ဖြိုးတိုးတက်ရေး “လူငယ်စကားဝိုင်း” ပြုလုပ်
Sep 19,2023
ရှမ်းပြည်နယ်၊(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ ဦးဆောင်ဆွေး နွေးတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။