သတင်းများ

နမ့်ဆန်မြို့နယ် အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျေးသီမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စတင်ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ် (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်း ကျင်းပ
Sep 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍( Community Centre )ခန်းမ၌ စာဖတ်ဝိုင်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ် (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မြို့ပေါ်ကျောင်းများအားလုံး သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေး
Sep 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အ​​​​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့ပေါ်ကျောင်းများအားလုံးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စတင်၍ ‌အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေး
Sep 20,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသခြင်းများဆောင်ရွက်
Sep 20,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သာအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ
Sep 20,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀)နာရီကအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Sep 19,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။