သတင်းများ

အငြိမ်းစားပင်စင်စားများအား Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ သွားရောက်ပြုလုပ်ပေး
Jul 24,2025
မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌  ပြုလုပ်ပေးခဲ့သည်။ 
သုံးခွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးဦးရာသီ၌အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့နံနက် ၈ နာရီအချိန်က အမှတ် ၃ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများကို တွင်ကျယ်စွာ အသုံးပြုလာစေရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့  အသွင်ကူးပြောင်းဆောင်ရွက်နိုင်ရေး၊ လုပ်သားအင်အားရှားပါးမှု ပြဿနာဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာနမှ (၁၀) တန်းသွား မျိုးစေ့ချစက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က မြစ်သားမြို့နယ် သပြေတောင်းကျေးရွာအုပ်စု၊ ခတက္ကုန်း‌ကျေးရွာ ကွင်းအမှတ် (၅၃၃)၊ ဦးပိုင်အမှတ် (င) (၃၄)ရှိ  ဒေသခံတောင်သူ   ဦးဌေးကြိုင်၏ လယ်မြေ (၆) ဧကတွင် ဧရာပဒေသာစပါးမျိုး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သုံးခွမြို့၌ ဆက်လက်ဖွင့်လှစ်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ကျောက်ချောလမ်းများ ခင်းကျင်းဆောင်ရွက်ပေးနေမှုများအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
Jul 24,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းများ ခင်းကျင်းပေးလျက်ရှိရာ ဆောင်ရွက်လျက်ရှိသောလမ်းများအား ယမန်နေ့က မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID ကတ်များကွင်းဆင်းဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန်  (UID) Unique Identity ကတ်များဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွား‌ရေးဘဏ်(ခွဲ)၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲ တက်ရောက်
Jul 24,2025
သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံရှင်းလင်းခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။