မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း သုံးခွမြို့၌ ဆက်လက်ဖွင့်လှစ်

သုံးခွ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်ထွေးအိငယ်ငယ်အောင်မှ မဲပေးစက်နှင့်ပတ်သတ်၍ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား/သူများက မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်ခလုပ်နှိပ်မဲ​ပေးကြသည်။

အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမ ၆၅၄ ဦးအား တစ်ကြိမ်လျှင် သင်တန်းသား ၁၀၉ ဦးဖြင့်ခြောက်ကြိမ်ခွဲကာ ဇူလိုင် ၁၄ ရက်မှ သြဂုတ် ၁ ရက်နေ့ထိ မြန်မာအီလက်ထနောနစ်မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းများကို သင်တန်းနည်းပြ ၁၀ ဦးက စာတွေ့လက်တွေ့သင်ကြားပို့ချပေးလျက်ရှိရာ ဇူလိုင်လ ၂၂ ရက်နေ့အထိ ၃ ကြိမ်မြောက်သင်တန်းပို့ချခြင်းဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)