သတင်းများ

ရွှေဘိုမြို့၌ အခြေခံစာကြည့်တိုက် ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို ယ​နေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ရွှေပြည်သာမြို့နယ်၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများ ပေါက်ပွားမှု မရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့်ခြင်ဆေးမှုတ်ခြင်းများ၊‌ ဈေးဆိုင်များ သန့်(၄)သန့်နှင့်ညီညွတ်မှုရှိ‌စေရန်စစ်‌ဆေးခြင်းတို့ကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းက အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက်တို့တွင် ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
မအူပင်မြို့၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် လက်ဝယ်အ‌ရောက် ဆက်လက်ရောင်းချ
Jul 24,2025
မအူပင်မြို့နယ်၌ ဒေသခံပြည်သူများသို့ အခြေခံစားသောက်ကုန်များအား ယနေ့နံနက် ၇ နာရီက အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးရှင်းလင်း ဟောပြော
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိ ပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများက ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လိုက် လံ အသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ဝါးခယ်မမြို့နယ်တွင် မြေပြင်ရှိလူဦးရေစာရင်းများမှန်ကန်စေရေး မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေး
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်နှင့်တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောသုခခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မိုးရာသီကာလတွင် ကလေးငယ်များ၌အများဆုံးဖြစ်ပွားတတ်သည့် သွေး လွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဇူလိုင်လ ၂၂ ရက်နေ့နံနက်ပိုင်းမှစ၍ သခင်ဘသောင်းရပ်ကွက်အတွင်းရှိ၊ လူနေအိမ်များအတွင်း လိုက်လံဆောင်ရွက်ပေးလျက်ရှိသည်။
ဒေးဒရဲမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မိုးရာသီကာလ မြို့တွင်းလမ်းမများ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ၊ ရေဆိုးရေညစ်မြောင်းများကို ယနေ့ နံနက်ပိုင်းက စက်ယန္တရားများ၊ လူအင်အားဖြင့် ဖော်ထုတ်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime – Final ပွဲစဥ် (၂)
Jul 24,2025
ကချင်ပြည်နယ် တနိုင်းမြို့နယ်၌ရပ်ကွက် ကျေးရွာပေါင်းစုံ မိုးရာသီ (အလွတ်တန်း) အမျိုးသားဘောလုံးပြိုင်ပွဲ Sime- Final ပွဲစဥ် (၂) ကို  ဇူလိုင်လ ၂၃ ရက်နေ့တွင် ကင်ဆားရာကောင်းရပ်ကွက်အသင်းနှင့် ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းတို့အား ပြည်သူ့အားကစားကွင်းတွင်ယှဥ်ပြိုင်ကစားကြရာ မိနစ် ၉၀ အချိန်ထိ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး အချိန်ပို မိနစ်၃၀ ဆက်လျက်၍ ယှဥ်ပြိုင်ကစားခဲ့ကြရာ ကင်ဆားရာကောင်းရပ်ကွက်အသင်းမှ ၃ ဂိုး ဂိုးမရှိ​သောရလဒ်ဖြင့်ဆင် (မ်) ဆာ့ကောင်းရပ်ကွက်အသင်းကို အနိုင်ရရှိသွား​ပြီး ကင်ဆားရာကောင်းရပ်ကွက်အသင်းအား ဗိုလ်လုပွဲတက်ရောက်သွားကြောင်း သတင်းသိရသည်။