ထန်းတပင် ဇူလိုင်လ ၂၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဦးနိုင်လင်းထွန်းက စိုက်ပျိုးသွားမည့်ပျိုးပင်များအား ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများထံသို့ ပေးအပ်သည်။
ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းဇော်ဦး၊ ဒုတိယပါမောက္ခချုပ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်း(၅၀၀)ကျော်တို့က ပျဥ်းမ(၁၇၅)ပင်၊မဟော်ဂနီ(၆၅)ပင်၊ ထိုင်ဝမ်ဘန်ဒါ(၁၆)ပင်၊ခရေ (၁)ပင်၊ ကံ့ကော်(၁)ပင်နှင့် မယ်ဇယ်(၁)ပင် စုစုပေါင်းပျိုးပင်(၂၅၉)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)