လှိုင် ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာများထုတ်ယူရာတွင်အဆင်ပြေစေရန် (UID) Unique Identity ကတ်များဆောင်ရွက်ပေးခြင်းကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးမိုးကျော်သူနှင့်ဝန်ထမ်းများက မြန်မာ့စီးပွား ရေးဘဏ်(ခွဲ)၌ ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UIDစနစ်ဖြင့် Smart Card ကတ်မပြုလုပ်ရသေးသော နိုင်ငံ့ဝန်ထမ်းအ ငြိမ်းစားများအား Smart Card များ နေ့ချင်းပြီး ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)