သတင်းများ

လှိုင်းဘွဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်း ပို့ချ
Mar 13,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အတွင်းရှိကလေးသူငယ်များ ရရှိရထိုက်သောအခွင့်အရေးဆိုင်ရာများကိုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မိုင်းပျဉ်းမြို့၌ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ
Mar 13,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဖြစ်သော မြန်မာ့သနပ်ခါးနေ့(တပို့တွဲလပြည့်နေ့) အထိမ်းအမှတ်အဖြစ် သနပ်ခါးလှုပ်ရှားမှုအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိ
Mar 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့်နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏အသက်၊ အိုးအိမ်၊ စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
Mar 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန(၈)ခုတွင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအတွက်ပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၌ ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်ရသည့် အိုးအမျိုးမျိုးထဲမှ ထန်းဆွဲမြူအိုး အမြောက်အများ ရောင်းချနေ‌ရ
Mar 13,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် ရိုးရာအိုးလုပ်ငန်းလုပ်ကိုင်နေပြီဖြစ်ရာ ထန်းဆွဲမြူအိုးအမြောက်အများလုပ်ကိုင်ရောင်းချနေရကြောင်း တောင်ကုန်းကျေးရွာ အိုးအမျိုးမျိုးလုပ်ငန်းလုပ်ကိုင်ရောင်းချနေသူ ဦးမြင့်ဆွေထံကသိရသည်။
ညောင်တုန်းမြို့ သမိုင်းဝင် မိုးဟုတ်စေတီတော်မြတ်ကြီး၌ (၁၅၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Mar 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ သမိုင်းဝင်မိုးဟုတ်စေတီတော်မြတ်ကြီး၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၅၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဆွမ်း‌တော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ပင်းတယမြို့၌ တ‌ပေါင်းလပြည့်နေ့တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကား
Mar 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ တပေါင်းလပြည့်နေ့တွင် ရပ်နီး/ရပ်ဝေးမှဘုရားဖူးများ၊ လာရောက်လည်ပတ်သူ ဧည့်သည်များဖြင့် အထူးစည်ကားများပြားလျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊‌ ကျောင်းသူ (၆၄၄) ဦး ဝင်ရောက်ဖြေဆိုမည်
Mar 13,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅) ခု၌ ကျင်းပပြုလုပ်မည်ဖြစ်ရာ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ (၆၄၄)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။