ဝမ်းတွင်း ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန်အတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ချောလမ်းများ ခင်းကျင်းပေးလျက်ရှိရာ ဆောင်ရွက်လျက်ရှိသောလမ်းများအား ယမန်နေ့က မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှု့ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုဘဝပြည့်စုံစေရန် လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်စေရေးအတွက် ကျေးရွာချင်းဆက်လမ်း၊ တံတားများကို တည်ဆောက်ပြုပြင်ပေးလျက်ရှိရာ ယခု ဆောင်ရွက်လျက်ရှိသော ကျေးရွာချင်းဆက် ကျောက်ချောလမ်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဏာနှစ် တိုင်းဒေသကြီး ဘဏ္ဏာရန်ပုံငွေ ကျပ် (၇၂.၅၉၀) သန်း အကုန်ကျခံကာ စိတ်ထားမြတ်ကုမ္ပဏီ ကတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောက်ချောလမ်းသည် (အရှည်0.483km အကျယ်4.88m 350mmထု) ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျောက်ချောလမ်းသည် ရန်ကုန်-မန္တလေးလမ်းမှ မြေတိုင်ကန်ကျေးရွာအဝင်လမ်းဖြစ်ပြီး ကျောက်ချောလမ်းပြီးစီးသွားပါက အကျိုးပြုကျေးရွာ (၁) ရွာ၊ အကျိုးပြုအိမ်ခြေ (၂၅၅) အိမ်၊ အကျိုးပြုလူဦးရေ (၁၂၆၁) ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး လူမှုဘဝပြည့်စုံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လမ်းများအား မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်နှင့် ဝမ်းတွင်းမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)တို့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)