သတင်းများ

ပခုက္ကူမြို့၌ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်ပစ္စည်းများ ဘေးကင်းလုံခြုံရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြရေး တွေ့ဆုံဆွေးနွေး
Jul 24,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းပြီး အဆင်ပြေချောမွေ့စွာဝယ်ယူသုံးစွဲနိုင်ရေးရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ စီးပွားရေးလုပ်ငန်းရှင်များအား ခရိုင်စားသုံးသူရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
လပွတ္တာမြို့နယ်တွင် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် ဒီရေတောသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ မြို့မဈေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ
Jul 24,2025
နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jul 24,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံပေးအပ်သော ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ကျေးရွာအုပ်စု၊ စိုက်ပျိုးရေးခြံရှိခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲ​မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် မိုးစပါးစိုက်လယ်မြေများ သွင်းအားစုများဖြန့်ဝေ
Jul 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ စပါးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မိုးစပါးစိုက်ဧကများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးလျက်ရှိသည့်လုပ်ငန်းများကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Jul 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန(ဟာမိုနီကိုယ်ပိုင်အထက်တန်း ကျောင်း)တို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်၊ အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့နံနက်(၉:၃၀) အချိန်က ဟာမိုနီကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။