အငြိမ်းစားပင်စင်စားများအား Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌ သွားရောက်ပြုလုပ်ပေး

ပုသိမ်ကြီး ဇူလိုင် ၂၄

မန္တလေးမြို့ပေါ်ရှိ မြို့နယ်အသီးသီးမှ အငြိမ်းစားပင်စင်စားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီခွဲက ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် (ပုသိမ်ကြီး) ၌  ပြုလုပ်ပေးခဲ့သည်။ 

ထိုသို့ ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပုသိမ်ကြီးမြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်နီနီလွင်တို့က ဦးဆောင်၍ ဝန်ထမ်းများက အငြိမ်းစားပင်စင်စားများအား ဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူရင်း Biometric ကောက်ယူကာ Unique ID နံပါတ် ထုတ်ပေးခြင်းအား အလွယ်တကူ ရရှိနိုင်ရေး ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ ဇူလိုင်လကုန်ထိ နံနက် ၈နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ Biometric ကောက်ယူကာ Unique ID နံပါတ်ထတ်ပေးခြင်းဆောင်ရွက်ပေးရာသို့ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်း၊ အဖွဲ့ဝင် (၂) ဦးညွန့်ဆန်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)