သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ဝင်းစိန်ရေထိန်းတံခါးဖွင့်ပွဲ အခမ်းအနားတက်ရောက်
Mar 13,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများ နွေ၊ မိုး၊ ဆောင်း သီးနှံစိုက်ပျိုးနိုင်၍ စားရေရိက္ခာ ဖူလုံစေရန်အတွက် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောက်လုပ်ခဲ့သည့် ကရင်ဝင်းစိန်ရေ ထိန်းတံခါးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကရင်ဝင်းစိန်ကျေးရွာတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Mar 12,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များနားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့၌ တပေါင်းလအဖိတ်နေ့ ရွှေဥမင်သဘာဝလိုဏ်ဂူ ဗုဒ္ဓပူဇနိယဘုရားပွဲတော်တွင် ဆွမ်းတော်ကြီးလောင်းလှူခြင်းနှင့် တိုင်းရင်းသားများ နွှဲပျော်သနပ်ခါးပွဲတော် ကျင်းပ
Mar 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တပေါင်းလအဖိတ်နေ့၌ နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိသည့် ရွှေဥမင်သဘာဝလိုဏ်ဂူ ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားတောင်ခြေ၌ ဆွမ်းတော်ကြီး လောင်းလှူပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများပြည့်စုံစေရန် ယမန်နေ့နံနက် (၁၁)နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးအလှူတော်မင်္ဂလာအဖြစ် အခမဲ့ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်
Mar 12,2025
မကွေးတိုင်းဒေသကြီးအတွင်း၌ မျက်စိခွဲစိတ်ကုသရန် အခက်အခဲရှိသော လူနာများအတွက် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အနန္တစေတနာဖောင်ဒေးရှင်းတို့ ပူပေါင်းပြီး စက္ခုအလင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေးကုသိုလ်ပြုအလှူတော်မင်္ဂလာအဖြစ် အခမဲ့ခွဲစိတ်၊ ဆေးကုသပေးခြင်းများကို မတ်လ ၃ ရက်မှ ၁၂ နေ့အထိ ကုသရေးစင်တာ သုံးနေရာသတ်မှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.လ.က (ခွဲ) ဂယက်ကြီးကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဖွင့်လှစ်
Mar 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဂယက်ကြီးကျေးရွာ အ.လ.က (ခွဲ) ဂယက်ကြီးကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းလှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် နွေစပါးစိုက်တောင်သူ သမဝါယမအသင်းသားများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်
Mar 12,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ နွေစပါးစိုက်တောင်သူအသင်းသားများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားရန်ပုံငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီက ပတ္တာကျေးရွာ ကွင်းအမှတ်(၂၀၉-က) နွေစပါးစိုက်တောင်သူ ဦးမြင့်အေး၏ နွေစပါးစိုက်ကွင်းတွင် သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းပွဲအခမ်းအနား ဆောင်ရွက်
Mar 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေရှင်းလင်းပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က စော်ကဲချောင်းကျေးရွာရှိ ဓမ္မာရုံအတွင်း၌  ပြုလုပ်ဆောင်ရွက်ခဲ့သည်။