သတင်းများ

မင်းလှမြို့နယ်တွင်တိရစ္ဆာန်စာရင်း ကောက်ယူခြင်းဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်
Oct 05,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်‌စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘူးသီးတောင်မြို့နယ်၌ မိုးကြိုးထိမှန်မှုကြောင့်သေဆုံးသွားသည့် အမျိုးသမီးငယ်၏ မိသားစုဝင်များအား ထောက်ပံ့ငွေများပေးအပ်
Oct 04,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံန္ဒကျေးရွာ၌ မိုးကြိုးထိမှန် သေဆုံးသွားသည့် မခေါ်ဆော်ရာဘီဘီအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျန်ရစ်သူမိသားစုများ လက်ဝယ်ရောက် ပေးအပ်ခဲ့ကြသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင် ငွေကျပ်သိန်းကိုးသောင်းကျော်ခန့် ရင်းနှီးမြှုပ်နှံ၍ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့် Alliance Eagles Group Limited အား လက်ခံတွေ့ဆုံ
Oct 04,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဇလပ်ဝါလမ်းနှင့်စိန်ပန်းနီလမ်းထောင့် ပြည်နယ်ရိပ်သာအနီး မြေဧရိယာ ၁ ဒသမ ၃ ဧကပေါ်တွင် ငွေကျပ် သိန်းကိုးသောင်းကျော်ခန့်ရင်းနှီးမြှုပ်နှံ၍ BOT စနစ်ဖြင့် ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့် Alliance Eagles Group Limited အား အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 04,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာမှ ဇွန်ပန်း၊ စံပယ်ပန်းနှင့် ဆောင်းစံပယ်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း တောင်သူတစ်ချို့သည် နေ့စဉ်ဝင်ငွေရသည့် ကာလတိုသီးနှံများဖြစ်သော ကန်စွန်း၊ ဆလပ်၊ ဆူးပန်း၊ နံနံ၊ မုံညှင်း၊ ခရမ်း၊ ရုံးပတီနှင့် ပန်းအမျိုးမျိုးစိုက်ပျိုးရောင်းချလျက်ရှိရာ ပြည်ပန်းကျေးရွာရှိ ဇွန်ပန်းနှင့်စံပယ်ပန်း စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Oct 04,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာလ (၄) ရက်နေ့ နံနက်(၉)နာရီခွဲက  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် အ.လ.က(အနောက်ရပ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ 
ဖလမ်းမြို့၌ မြေပြိုမှုဖြစ်ပွားသည့် လမ်းနှင့်လူနေအိမ်များ ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကူညီဆောင်ရွက်ပေး
Oct 04,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ အောက်တိုဘာလ ၄ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသည့် လမ်းနှင့်လူနေအိမ်များအား မီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက မြေစာများဖယ်ရှားခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း၊ မိုးကာများဖုံးအုပ်ခြင်းတို့ဆောင်ရွက်မှုများကို ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဇော်လတ်နှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် MSME လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အိုးသူကြီး အမှတ်တံဆိပ် စားသောက်ကုန်လုပ်ငန်းမှ ဒါရိုက်တာဦးတင်ငြိမ်းဦးနှင့် တွေ့ဆုံမေးမြန်း
Oct 04,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက်(၉)ရပ်ကိုချမှတ်၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ဦးတည်ချက်ကိုချမှတ်ပြီး တွန်းအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။