သတင်းများ

စမ်းချောင်းမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Oct 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်းရှိ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် စမ်းချောင်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ကျင်းပသည်။
ကျောက်မဲမြို့၊ အမက(၃)ကျောင်းတွင်  စာဖတ်ဝိုင်း၊ ပြပွဲနှင့်ပြိုင်ပွဲများ ကျင်းပ
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတကြွယ်ဝစေရေးတို့အတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ဝိုင်း၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Oct 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မော်လမြိုင်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 04,2023
မွန်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦး‌အောင်ကြည်သိန်းသည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့် အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ပုဗ္ဗသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေး ၅၁၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၂၃၆၈ ပိဿာအား စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရပ်ကွက်တို့တွင် စားသုံးဆီတစ်ပိဿာလျှင် ရည်ညွှန်းဈေးနှုန်း ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယမန်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ရောင်းချပေးလျက်ရှိသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်  မကွေးမြို့အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 04,2023
မကွေးမြို့အသေးစားစက်မှုဇုန် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စက်မှုဇုန်များဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် သီးခြား ဖိတ်ကြား ထားသော ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ကျိုက်ထိုမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မှု အခွင့်အလမ်းများဆိုင်ရာဟောပြောပွဲပြုလုပ်
Oct 04,2023
မွန်ပြည်နယ်၊ ‌ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်တွင် အလယ်တန်းအဆင့် Grade – 9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။