မင်းလှမြို့နယ်တွင်တိရစ္ဆာန်စာရင်း ကောက်ယူခြင်းဆိုင်ရာဆင့်ပွားသင်တန်းဖွင့်လှစ်

အထက်မင်းလှ အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရစ္ဆာန်‌စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် က သင်တန်းဖွင့်အမှာစကားပြောကြားပြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန သရက်ခရိုင်ဦးစီးဌာနမှူး ဒေါက်တာခင်ဌေးမြင့်က Mobile Phone တွင် CommCare Application အသုံးပြုပြီး တိရစ္ဆာန်‌ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စာရင်း‌ ရေးသွင်းရာတွင် မှန်ကန်မြန်ဆန်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်‌ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ တိရစ္ဆာန်‌စာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ (၃၄) ရွာမှ သင်တန်းသား(၃၄)ဦးအား စာတွေ့သင်ကြားပို့ချပေးခဲ့ပြီး ရွာ‌တော်ကျေးရွာသို့ ကွင်းဆင်း၍ တိရစ္ဆာန်ရင်းကောက်ယူခြင်းအား လက်တွေ့ပြသ ဆောင်ရွက်ခဲ့သည်။ မင်းလှမြို့နယ်တွင် တိရစ္ဆာန်‌ကောင်ရေစာရင်း ကောက်ယူခြင်းကို ၂၀၂၃ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့တွင် စတင်ကောက်ယူမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)