ဘူးသီးတောင် အောက်တိုဘာ ၄
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံန္ဒကျေးရွာ၌ မိုးကြိုးထိမှန် သေဆုံးသွားသည့် မခေါ်ဆော်ရာဘီဘီအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပေးအပ်သည့် ထောက်ပံ့ငွေများကို ယနေ့နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျန်ရစ်သူမိသားစုများ လက်ဝယ်ရောက် ပေးအပ်ခဲ့ကြသည်။
ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းတို့က ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) ကိုပေးအပ်ရာ ဖခင်ဖြစ်သူ ဦးဟူဆောင်းရှော်ရိပ်က လက်ခံရယူခဲ့သည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ ရက်နေ့ညတွင် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်းကျေးရွာအုပ်စု၊ ကံန္ဒကျေးရွာနေ အသက် (၆) နှစ်အရွယ်ရှိ မခေါ်ဆော်ရာဘီဘီသည် နေအိမ်၌ အိပ်ပျော်နေစဉ် မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်ပြီး ဘယ်ဘက်လက်မောင်း အက်ကွဲဒဏ်ရာနှင့် နှာခေါင်းသွေးယိုစိမ့်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါနေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လှကျော်(ပြန်/ဆက်)