သတင်းများ

တန့်ယန်းမြို့နယ်တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းစည်းဝေး
Oct 04,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံရေးပါတီများ၏ ပါတီဝင် အင်အားနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဉပဒေအရ ပါတီဝင် အင်အားစာရင်းကို စိစစ် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ယခုနှစ်တွင် မင်းဘူး(စကု)မြို့နယ်၌ ဆီထွက်သီးနှံ ၈၇၀၀၇ ဧက စိုက်ပျိုးပြီးစီး
Oct 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲသီးနှံများကို ၈၇၀၀၇ ဧက စိုက်ပျိုးသွားပြီဖြစ်ကြောင်း မင်းဘူးမြို့ စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။
ကလောမြို့နယ်၌ (၁/၂၀၂၃) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲ ကျင်းပ
Oct 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့တွင် မိမိတို့မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်‎ရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက စနစ်တကျဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် (၁/၂၀၂၃) အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကလောမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ (၅)ရပ်အား ပြည်သူများ လိုက်နာစေရန် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်
Oct 04,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်၊ ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
အ.ထ.က (ကော့မှူး) ကျောင်း၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှု (Kaeru Caravan) အသိပညာပေးလုပ်ငန်းဆောင်ရွက်
Oct 04,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဇာတ်တိုက်လေ့ကျင့်မှု (Kaeru aravan) အသိပညာပေးလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်ထန်းကိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌လူငယ်စကားဝိုင်းကျင်းပ
Oct 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ်စကား ဝိုင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအတွက် ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ်(၅၁၀၂. ၀၀)သိန်း ထုတ်ချေးပေးပြီးဖြစ်
Oct 04,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၃၊ မေလ(၁၈)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာနောက်ဆုံးပတ်၌ ငွေကျပ်(၅၁၀၂.၀၀)သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မိုးညှင်းမြို့၌ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Oct 04,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်ဆန်း ခန်းမ၌ ဆောင်ရွက်ခဲ့သည်။