သတင်းများ

ကန့်ဘလူ၌ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနှိုး ကွင်းသရုပ်ပြပွဲကျင်းပ
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ တောင်သူ ဦးသောင်းငွေ၏ မိုးစပါး ဆင်းသုခ(၂)ဧကစိုက်ခင်း အတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောစပ်ကြဲပက်ခြင်း၊ ကြားလိုက်သမန်းနှိုး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဆန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် တောင်သူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ် မူလာအွန်စံပြကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် Daedong လယ်ယာသုံးစက်ကိရိယာလွှဲပြောင်းပေးအပ်
Aug 29,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်မည့် မူလာအွန်စံပြကျေးရွာဖွံ့ဖြိုးရေးနှင့် ကျေးရွာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်သိန်း(၃၀၀)နှင့် Daedong လယ်ယာသုံးစက်ကိရိယာ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်(၂၉)ရက် နံနက်(၁၀)နာရီက အဆိုပါခေတ်မီစံပြကျေးရွာ ချမ်းသာခန်းမဆောင်၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်  (၄/၂၀၂၃) သင်တန်းဆင်းပွဲ ကျင်းပ 
Aug 29,2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) (၄ / ၂၀၂၃ ) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေး Talk Show အစီအစဉ် မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ရိုက်ကူး ဆောင်ရွက်
Aug 29,2023
မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထုအား သဘာဝဘေး အန္တရာယ်ဆိုင်ရာများကိုသိရှိပြီး ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့က ရိုက်ကူး ဆောင်ရွက်ခဲ့ကြသည်။
ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 29,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အမ်းမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Aug 29,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးရေး ကွင်းသရုပ်ပြပွဲတက်ရောက်ခြင်းနှင့် ခန္တှီးမြို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှု နှင့် ဆင်‌သေ-လဟယ်ကားလမ်းတွင် တောင်ပြိုမှုများအား သွားရောက်ကြည့်ရှု
Aug 29,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ခန္တီးမြို့နယ်၊ အောင်သာ ရပ်ကွက်၊ ကွင်းအမှတ် ၄ တွင် ကျင်းပပြုလုပ်သော ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ အချိုးကျ ရောနှော ကြဲပတ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် မျိုးစေ့၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးများ ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများ ဝင်​ရောက်ယှဥ်ပြိုင်
Aug 29,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်​နေ့တွင် ကျ​ရောက်မည့် “နိုင်ငံတကာစာတတ်မြောက်ရေး‌နေ့” အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ကာတွန်း၊ ပန်းချီ၊ ဆောင်းပါးပြိုင်ပွဲများကို “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက်အောင်သင်ယူစို့” ခေါင်းစဥ်ဖြင့် မကွေးတိုင်းဒေသကြီး၊ ​ချောက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။