ဒိုက်ဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဗျက်ကြီး) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 04,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် လူငယ်များဗလငါးတန်ပြည့်စုံစေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲအချိန်က အခြေခံပညာအထက်တန်း (ဗျက်ကြီး) စစ်ကောင်းဆောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။