သတင်းများ

မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကျင်းပ
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၆)တို့အား ကျောင်းသုံးစာရေးကိရိယာများ (ဒုတိယ)အကြိမ် “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.ကခွဲ(၂)ကျောင်း၌ ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့ ဒါးကမြစ်ရေမြင့်တက်လာ စိုးရိမ်ရေအမှတ်သို့ရောက်ရန် (၂)ပေသာလို
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ အပူပိုင်းမုန်တိုင်း"ဝီဖာ"၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေ မြင့်တက်လာခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး၏ သားငါးတန်းအတွင်းသို့ ရေစတင်နစ်မြုပ်နေပြီး၊ စိုးရိမ်ရေအမှတ်သို့ရောက် ရန်(၂)ပေသာ လိုတော့သည်။
သဲကုန်းမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိူ့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ တောင်သူဦးရဲထွန်းဝင်း၏ လယ်တွင်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းအတွက် ဆန်းသစ်ဝေစိုက်ပျိုးရေးနှင့် အထွေထွေ​စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အောင်နိုင်တိုးစပါးစိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက ဇူလိူင် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
Jul 25,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ အားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရွှေတောင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်နှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိ
Jul 25,2025
နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပဲခူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ မိုးရာသီဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားတက်ရောက်
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျှက် ယမန်နေ့ညနေပိုင်းက ရွှေသောင်ယံမြို့ အမှတ်(၃)ရက်ကွက်ရှိ ဒီရေတောတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
မြဝတီမြို့၌ ဖွင့်လှစ်ထားသော ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုတွင် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦး ပြောင်းရွှေ့ခိုလှုံ
Jul 25,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင်  မိုးအဆက်မပြတ်ရွာသွန်းပြီး သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိ၍ မြေနိမ့်ပိုင်းနှင့် မြစ်နှင့်နီးသောရပ်ကွက်များအတွင်းသို့ ရေဝင်ရောက်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူ (၄၇၃၆) ဦးတို့သည် ယာယီရေဘေး ကယ်ဆယ်ရေးစခန်း (၈) ခုတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်။