မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၆)တို့အား ကျောင်းသုံးစာရေးကိရိယာများ (ဒုတိယ)အကြိမ် “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.ကခွဲ(၂)ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မဟာမြိုင်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီးတို့မှ ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် ကျပ်(၁)သိန်းနှုန်းဖြင့် အ.လ.ကခွဲ(၂)၊ အ.မ.က(၃)ကျောင်းအုပ်ဆရာမကြီး (၂)ဦးအတွက် (၂)သိန်း၊ ကျပ် (၅သောင်း) နှုန်းဖြင့် ဆရာ၊ ဆရာမ(၂၂)ဦးအတွက် (၁၁)သိန်း၊ ကျောင်းသား၊ ကျောင်းသူ (၄၉၆)ဦးတို့အား သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာအုပ်၊ ခဲတံ၊ ဘောပင်၊ ကွန်ပါဗူး၊ ကျောပိုးအိတ်၊များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ်အတွက် သင်ထောက်ကူပစ္စည်းများ“ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားသို့ မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး အ.လ.ကခွဲ(၂)၊ အ.မ.က(၃)ကျောင်းမှကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း