သဲကုန်းမြို့နယ်၌ သမဝါယမမိုးစပါးစီမံကိန်းစိုက်ပျိုးမှုအခြေအနေအား ကွင်းဆင်းကြည့်ရူစစ်ဆေး

သဲကုန်း ဇူလိူင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြိူ့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ လက်ပံတန်းကျေးရွာ တောင်သူဦးရဲထွန်းဝင်း၏ လယ်တွင်သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်းအတွက် ဆန်းသစ်ဝေစိုက်ပျိုးရေးနှင့် အထွေထွေ​စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အောင်နိုင်တိုးစပါးစိုက်ပျိုးနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများက ဇူလိူင် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအောင်နိုင်တိုးစပါးမျိုးသည် အသက်ရက် ၁၂၀ ရက်ခန့်ရှိခြင်း၊ အနှံပါပင်ပွား-၁၄၊အနှံအရှည်(စင်တီမီတာ)-၂၆ ဒသမ ၄၀၊တစ်နှံပါသီးလုံး-၁၈၀၊ တစ်နှံပါအောင်စေ့- ၁၆၃၊ အောင်စေ့ရာခိုင်နှုန်း-၉၀၊ စပါးလုံးအုပ်စု- ဧည့်မထအမျိုးအစားထဲတွင် ပါဝင်ပါသည်။ ထူးခြားကောင်းမွန်သည့် လက္ခဏာများမှာ အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်ခြင်း၊ ဆန်သားကြည်လင်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် အသင့်အတင့်ခံနိုင်ရည်ရှိခြင်းတို့အပြင် ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး နွေရာသီ၊ မိုးရာသီနှစ်ရာသီလုံးတွင် စိုက်ပျိုးနိုင်ကြောင်း သိရသည်။ တောင်သူဦးရဲထွန်းဝင်း၏ လယ်တွင် ၇ ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)