သတင်းများ

ဆင်ပေါင်ဝဲမြို့နယ် စာစစ်ဌာနတွင် ရပ်ဝေးမှ လာရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ တည်းခိုနားနေဆောင်များအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 17,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဆင်ပေါင်ဝဲစာစစ်ဌာနတွင် လာရောက်ဖြေဆိုမည့် ရပ်ဝေးကျောင်းသား၊ ကျောင်းသူများ၏ တည်းခိုနားနေဆောင်များအား ယမန်နေ့ ညနေ ၄ နာရီအချိန်က မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဟောပြောပွဲကျင်းပ
Mar 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့်‌‌ ဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်ကစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ် Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Mar 17,2025
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မောက်မယ်စာစစ်ဌာနမှ ကျောင်းသား၊ ကျောင်းသူများက ယနေ့မှစတင်၍ စတင်ဖြေဆိုကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ အခမဲ့ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေး
Mar 17,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဆေးကုသပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် မတ် ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်က နွယ်အေးရပ်ကွက်၊ နွယ်အေးကျေးလက်ကျန်းမာရေးဌာနခွဲတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပါသည်။
မိုင်းပျဉ်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ယနေ့နံနက်ပိုင်းမှစတင်၍ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်၌ ဂုဏဝိသိဋ္ဌပူဇာနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
Mar 17,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၌ မတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်သံဃနာယကအဖွဲ့၏ ဩဝါဒကိုခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသော ၂၀၂၅ - ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ခြင်း “ဂုဏဝိသိဋ္ဌပူဇာ” နှင့် ၂၀၂၄ - ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား အောင်လက်မှတ်ဆက်ကပ်ပူဇော်ပွဲ “စူဠဘွဲ့နှင်းဘသင်” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့ (Community Centre)ခန်းမ၌ အလယ်တန်းအဆင့် နွေရာသီအခြေခံ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်သင်ကြားပေး
Mar 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက် ၈ နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းကို စတင်ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။