သတင်းများ

ဇေယျာသီရိမြို့နယ်တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားမှုများ ဆောင်ရွက်
Mar 17,2025
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို  ဆောင်ရွက်လျက်ရှိရာ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခဲ့သည်။
ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 17,2025
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်၀င်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စတင်ဖြေဆိုလျက်ရှိ‌ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 17,2025
မြန်မာတစ်နိုင်ငံလုံး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း စတင်ဖြေဆိုလျက်ရှိကြရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လင်းခေးစာစစ်ဌာန၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးစာစစ်ဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 17,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်းသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
အ.ထ.က (၁) ပင်လုံစာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 17,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ရာ အ.ထ.က (၁) ပင်လုံစာစစ်ဌာနတွင် ယနေ့ ပထမနေ့ မြန်မာစာဘာသာရပ် ဖြေဆိုမည့် စာရင်းရှိ (၂၇၄)ဦး၊ လာရောက်ဖြေဆိုသူ (၂၅၈)ဦး၊ ပျက်ကွက်သူ (၁၆) ဦးရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 17,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်)စာစစ်ဌာနတွင် ကျောင်းသား/သူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။