ရွှေတောင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ရွှေတောင် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်နှင့်အနီးအနားရှိ အသက် (၄၀) နှင့်အထက် သက်ကြီးရွယ်အိုများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါအခံရှိသူများ၊ နာတာရှည်ဝေဒနာရှင်များ စိတ်အေးချမ်းသာစွာ ကျန်းမာရေးစစ်ဆေးမှုများ ခံယူနိုင်ရန် စမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆေးကုသမှုများ ခံယူနိုင်စေရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ကျန်းမာရေးစစ်ဆေးရေးအဖွဲ့မှ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)