ရွှေသောင်ယဲ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျှက် ယမန်နေ့ညနေပိုင်းက ရွှေသောင်ယံမြို့ အမှတ်(၃)ရက်ကွက်ရှိ ဒီရေတောတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် မိုးရာသီဒီရေတော သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားများပြောကြားပြီး ဒီရေတောသစ်ပင်များကို အတူလိုက်ပါလာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ စိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးခဲ့သည် ဒီရေတောသစ်ပင်အမျိုးအစားများဖြစ်သည့် ဗျူးခြေထောက်၊ ဗျူးအုပ်ဆောင်း၊ မဒမ၊ အုန်းစသည့် ဒီရေတောသစ်ပင် စုစုပေါင်း(၁၂၈၀)ကို ရွှေသောင်ယံမြို့နှင့်ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုတို့ရှိ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူများ အင်အား(၄၀၀)ခန့်တို့ဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)