ပဲခူး ဇူလိုင် ၂၅
နိုင်ငံ့ဝန်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ် ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းမှ စတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပဲခူးမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်း နှင့် UID နံပါတ်များ ဆောင်ရွက်ပေးပြီး ပင်စင်စား(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ် ပေးခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၇ ရက်နေ့အထိ မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)