သတင်းများ

ရွှေတောင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အခြေခံပညာကျောင်းများဖြစ်သည့် အမက(ကူကြီး)သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် နိုင်ငံဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား Unique Identification(UID) ကတ်များ ဆောင်ရွက်ပေး
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ရုံး၌ ဇူလိုင်လ ၂၃ ရက် နံနက် ၈ နာရီက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(ပင်စင်စား)များအား ပင်စင်ထုတ်ယူရာတွင်လွယ်လင့်တကူဖြစ်စေရေးအတွက် နံပါတ်ဆယ်လုံးပါ UID ကတ်များကိုလူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာယာဝတီမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျိုက်လတ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေး
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီရေး လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက   မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း (၁/၂၀၂၅) သင်တန်းဆင်း
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ဖွင့်လှစ်ခဲ့သော ကျောင်းကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက အခြေ ခံပညာအထက်တန်းကျောင်း(အ.ထ.က-ဇီးကုန်း)၌ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းဌေး၊  မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌဦးဉာဏ်ကြည်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။
ကျိုက်လတ်၌ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့ညနေပိုင်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 25,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဒေသနေပြည်သူများနှင့်ကလေးသူငယ်များ ကလေးအလုပ်သမားနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက် နံနက် ၉ နာရီက သာယဝတီမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ) ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား သင်ထောက်ကူပစ္စည်းများ “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကျင်းပ
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများမှ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ (၄၉၆)တို့အား ကျောင်းသုံးစာရေးကိရိယာများ (ဒုတိယ)အကြိမ် “ထောက်ပံ့လှူဒါန်းပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.လ.ကခွဲ(၂)ကျောင်း၌ ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့ ဒါးကမြစ်ရေမြင့်တက်လာ စိုးရိမ်ရေအမှတ်သို့ရောက်ရန် (၂)ပေသာလို
Jul 25,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ အပူပိုင်းမုန်တိုင်း"ဝီဖာ"၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းသဖြင့် ဒါးကမြစ်ရေ မြင့်တက်လာခဲ့ရာ ယနေ့နံနက်ပိုင်းက မြို့မ‌ဈေး၏ သားငါးတန်းအတွင်းသို့ ရေစတင်နစ်မြုပ်နေပြီး၊ စိုးရိမ်ရေအမှတ်သို့ရောက် ရန်(၂)ပေသာ လိုတော့သည်။