ဟင်္သာတ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးနှင့် နတ်မော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ယမန်နေ့နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် Si Pwar ကုမ္ပဏီမှ ဒေသခံတောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အဆိုပါ သွင်းအားစု ကွန်ပေါင်းဓာတ်မြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ အတွင်းရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Si Pwar Trading Co.,Ltd မှ တာဝန်ခံနော်ခူးစေးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ အတွင်းရေးမှူး ဦးမျိုးမြင့်က သွင်းအားစုဖြန့်ဖြူးပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင် မြေစာရင်းဦးစီးဌာနမှူး ဦးကျော်မင်းဦးက ဟင်္သာတမြို့နယ်အတွင်း စိုက်ပျိုးမြေဧကများအလိုက် စိုက်ပျိုးပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ Si Pwar Trading Co.,Ltd မှ တာဝန်ခံ နော်ခူးစေးမှ ယူရီယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ သွင်းအားစုများအား ဒေသခံတောင်သူများထံ ဖြန့်ဖြူးပေးအပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း နှင့်တာဝန်ရှိသူများမှ သွင်းအားစုဓာတ်မြေဩဇာများအား တက်ရောက်လာသော ဒေသခံတောင်သူများထံ လက်ရောက်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းနှင့် ဟင်္သာတမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ဧက (၁၂၈၈၁၆)ဧကမှ ယနေ့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကုန်းကြီးကျေးရွာအုပ်စု၊ စစ်ကွင်းကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာအုပ်စု၊ ကံလှကျေးရွာအုပ်စု၊ ကျုံဖားကျေးရွာအုပ်စု၊ ကျောင်းကွင်းကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ ကျေးရွာများအရောက် ဖြန့်ဖြူးပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)