ချမ်းမြသာစည် ဇူလိုင် ၂၅
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး)၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ" ကို ယနေ့နံနက် (၉:၃၀) နာရီက အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၊ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက "လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက" လူငယ်နှင့် အသိ ပညာဗဟုသုတ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)၊ ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် နည်းပြဆရာ၊ ဆရာမများ၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန တာဝန်ရှိသူများ၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ချမ်းမြေ့