တာချီလိတ်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူနေမှု ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဇူလိုင် ၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric Data ကောက်ယူ၍ UID ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက ခရိုင်လဝကဦးစီးမှူး ဦးမင်းနိုင်ဦးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးသက်ဆွေဦးနှင့် တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

တာချီလိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်ထုတ်ယူနေသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁၀၀၀) ဦးကျော်ရှိပြီး လစဉ်ပုံမှန်ပင်စင်ထုတ်ယူသူ (၅၀၀) ဦးကျော်ရှိကာ Biometric Data ကောက်ယူ၍ UID ထုတ်ပေးခြင်းလုပ်ငန်းကို ဇူလိုင် ၂၁ ရက်မှစ၍ ဆောင်ရွက်ပေးခဲ့ရာ ယနေ့ထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၄၆၄) ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရှိသူများအား ဇူလိုင် ၃၁ ရက်နေ့ထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်(ပြန်/ဆက်)