ရေနံချောင်းမြို့နယ်၌ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ရေနံချောင်း ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်တွင် နေထိုင်ကြသည့် ပြည်သူများ ရေဘေးနှင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ညနေပိုင်းက ညောင်လှကမ်းနားရပ်နှင့် ဆားတိုင်ဆိပ်ကမ်းတို့တွင် ရေဘေးအသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကာ မြစ်ကမ်းဘေးတစ်လျှောက် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး ရေကြီးခြင်းနှင့် မုန်တိုင်းဘေးအန္တရာယ် သတိပေးချက်ရပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ရေကြီးနေချိန်နှင့် ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များနှင့် ရှောင်ရှားသင့်သည်အချက်များကို အသိပညာပေးနှိုးဆော်ကာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုစိုးကြီး(ရေနံမြေ)