ဆိပ်ကြီးခနောင်တို ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံအသိပညာပေးဆောင်ရွက်လျက်ရှိသည်။
ရှင်းလင်းဟောပြောရာတွင် ရပ်ကွက်နေပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ရပ်ကွက်အတွင်း အမှိုက်များစွန့်ပစ်ရာတွင် အမှိုက်ခြောက်၊ အမှိုက်စို၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်နိုင်ရေးရပ်ကွက်တာဝန်ရှိသူများက ရပ်ကွက်အတွင်း အမှိုက်ပုံးများ စနစ်တကျစီစဥ်ထားရှိပေးရေးနှင့် ရပ်ကွက်နေပြည်သူများမှလည်း အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ရေးအား အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ကျန်ရှိသည့် ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများကိုလည်း အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူများထံမှ သိရသည်။
ဝေယံ (ပြန်/ဆက်)