ဘဏ္ဍာရေးစာရင်းကိုင်(၄)ဝန်ထမ်းများ အရည်အသွေးမြှင့် မွမ်းမံသင်တန်းအမှတ်စဉ် (၃/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ
Mar 19,2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ပြင်ဦးလွင်ခရိုင်၊ လျှပ်စစ်မန်နေဂျာရုံးတွင် စာရင်းကိုင်(၄) အရည်အသွေးမြှင့်မွမ်းမံသင်တန်း အမှတ်စဉ်(၃/၂၀၂၅)သင်တန်းဖွင့်ပွဲကို မတ်လ ၁၇ ရက်နေ့နံနက်ပိုင်းက ခရိုင်လျှပ်စစ်မန်နေဂျာရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဌာနကြီးမှူးများ၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြသည်။