ကျိုက်လတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ကျုံကလွတ်)၌ လူငယ်စကားဝိုင်းကျင်းပ
Oct 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (ကျုံကလွတ်)၌ ကျင်းပပြုလုပ်ခဲ့သည်။