မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး(Campaign)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်
Oct 09,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ကာကွယ်ရန်နှင့်ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့်စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေး(Campaign)ကို အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ဇေယျာသီရိဈေးတွင် ဈေးရောင်း၊ စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။